MNP - နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့၌ (၄၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဘုံကထိန်ပဒေသာပင်များ စုပေါင်းလှည့်လည်ပွဲကို ယနေ့နံနက်(၈ )နာရီက ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းလှည့်လည်ပွဲအား လင်းခေးမြို့ မဟာမြတ်မုနိဘုရားကျောင်းတော်ရှေ့၌ ပဒေသာပင်မော်တော်ယာဉ်များကို စုရပ်ပြု၍ လင်းခေးမြို့မလမ်းမှ မြို့ပတ်လမ်းအတိုင်း စုပေါင်းလှည့်လည်ခဲ့ကြပြီးနောက်၊ မြို့လယ်မဟာမြတ်မုနိဘုရားကျောင်းတော်ဓမ္မာရုံ၌ ပြန်လည်ရပ်နားစုစည်းခဲ့ကြသည်။
စုပေါင်းလှည့်လည်ပွဲတွင် လင်းခေးတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ မိသားစုများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၈)ရပ်ကွက်ရှိ ပြည်သူများ၊ အခြေခံပညာကျောင်းများ၊ လှုမှုရးအသင်းအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည် သူများ စုပေါင်းပါဝင်ခဲ့ကြကြောင်းနှင့် ယနေ့စုပေါင်းလှည့်လည်ခဲ့ကြရာ၌ ဘုံကထိန်လှူဒါန်းမှု ပဒေသာပင်စုစုပေါင်း(၅၀)ကျော်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းဇော်လတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment