MNP - နိုဝင်ဘာ ၅
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ် မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းကာ ယမန်နေ့ နံနက် ၇ နာရီက ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် ရှေးဦးစွာ ဆရာတော်ကြီးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများတို့က ဆွမ်းနှင့် ခဲဖွယ်ဘောဇဉ်များတို့ကို ဆပ်ကပ်ကြသည်။
ယင်းနောက် မြို့နယ်သံဃနာယက၊ ဘုရားဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် မိသားစုများက သီလခံယူဆောက်တည်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် တရားတော်များ နာယူကြကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။
သတင်း - ဟန်စုယဉ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment