MNP ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအ စည်းအဝေးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦး တို့က မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ပြုစုထား သည့် အခြေခံလူဦး ရေစာရင်းဇယားများ မှန်ကန်ရေးနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့ နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနဦးစီးအရာရှိ၊ မြို့နယ်ကော် မရှင်အဖွဲ့ခွဲမှ ဦးစီးအ ရာရှိ တို့က သက်ဆိုင် ရာဌာနများအလိုက် အခြေခံလူဦးရေ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက မိမိတို့ရပ် ကွက်ကျေးရွာများမှ အခြေခံလူဦးရေ စာရင်းဇယားများ မှန်ကန်ရေးနှင့်ပတ် သက်၍ ဆွေးနွေးတင်ပြကြရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ပြုစုထားသည့် အခြေခံလူဦးရေစာရင်းဇယားများအား မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထပ်ဆင့်စီစစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment