ပဉ္စမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဉ္စမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပ




MNP ၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ပဉ္စမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဟိုတယ်(ထားဝယ်)၌ ကျင်းပသည်။


ရှေးဦးစွာ ထားဝယ်လူမျိုး စုစည်းမှုကော်မတီ (ဗဟို) အဖွဲ့က ထားဝယ်အမျိုးသားအလံတော်အား စင်မြင့်တွင် စိုက်ထူပြီး အလံတော်အားအလေးပြုခဲ့ကြသည်။


ထို့နောက် ပျော်ဘွယ်ဘုန်းတော်ကြီးကျောင်းဆရာတော်ဥူးသုန္ဒရက သြဝါဒကထာမြွတ်ကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်ထံမှ ပေးပို့လာသော သဝဏ်လွှာအား ထားဝယ်လူမျိုး စုစည်းမှု ကော်မတီ (ဗဟို) ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး တင်မြ(ငြိမ်း)က ဖတ်ကြား သည်။


ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကိုက ထားဝယ်သူ/သားများ အနေဖြင့် မိမိတို့နေထိုင်ရာ သမိုင်းကြောင်းနှင့် ရှေးထားဝယ်လူမျိုးများ၏ သမိုင်းကြောင်းများကို သိရှိထားရန် လိုအပ်ကြောင်း၊ ထားဝယ်သူ/သားများက ရှေးဘိုးဘွားဘီဘင်များ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည့်အတွက် ဂုဏ်ယူဝင့်ကြွားစရာ ကောင်းလှကြောင်း၊ သမိုင်းပညာရှင် ပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် ကတည်းက တနင်္သာရီတိုင်းမှာ လူသားမျိုးနွယ်တွေရှိနှင့်နေခဲ့ပြီးဖြစ်သည် ဆိုပါကြောင်း၊ ထားဝယ်လူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး၊ ထားဝယ်လူမျိုးများ အနေဖြင့် စီးပွားရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးစုစည်းညီညွတ်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရန် ထားဝယ်သူ/သားများအနေဖြင့် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရန် လိုအပ်ကြောင်း၊ ထားဝယ်လူမျိုးများ ညီညီညွတ်ညွတ်ဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအာင်မြင့် မှပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဖတ်ကြားပြီး ဒုတိယဗိုလ်မှူးကြီးတင်မြ (ငြိမ်း)က ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်မှ ထားဝယ်အမျိုးသားနေ့အတွက် လှူဒါန်းသော (၇၅)သိန်း ကျပ်အား ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေးအပ်ရာ ဒုတိယဗိုလ်မှူးကြီးတင်မြ(ငြိမ်း)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။


ယင်းနောက် တာဝန်ရှိသူများက  ထားဝယ်အမျိုးသားနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိသော အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ပြီး ကော်မတီ(ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးညွန့်ဝင်း က ထားဝယ် အမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်သည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)