မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစုပေါင်း၍ (၂၉)ကြိမ်မြောက် မဟာဘုံကထိန် ပဒေသာပင်စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစုပေါင်း၍ (၂၉)ကြိမ်မြောက် မဟာဘုံကထိန် ပဒေသာပင်စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

 



MNP - နိုဝင်ဘာ   ၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပညာရေးဌာနမှကြီးမှူး၍ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော အခြေခံပညာကျောင်းများ၏(၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်ပွဲတော်ကို ယနေ့နံနက်(၇)နာရီအချိန်က အရှေ့ရပ်ကွက်ညောင်ကိုးပင် ဘုန်းတော်ကြီးကျောင်းမှ စုရပ်ပြု၍ မြို့နယ်အတွင်းလှည့်လည်ခဲ့ကြောင်း သိရသည်။


အဆိုပါကျောင်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် မိုင်းပန်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၂၉)ကျောင်းရှိ ကျောင်းသား/သူများနှင့် ဆရာ/မများစုပေါင်း၍ ကျောင်းအလိုက် ပဒေသာပင်များ၊ ရှမ်းရိုးရာအိုးစည်၊ ဗုံ၊ မောင်းများတီးခတ်ကာ မြို့နယ်အတွင်း တစ်ပတ်လှည့်လည်ကာ မိမိတို့ကျောင်းများအသီးသီးသို့ ပြန်လည်ထားရှိကာ ကျောင်းများ၏ ပဒေသာပင်များပြန်လည်စုပေါင်းပြီး တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် လှည့်လည်မည့် မြို့နယ်လုံးကျွတ် မဟာဘုံကထိန်ပွဲတော်တွင် ပညာရေးဌာနအဖြစ် ပြန်လည်လှည့်လည်မည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)