မိတ္ထီလာမြို့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်၏ အကြိမ် ၃၀ ပြည့်မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်၏ အကြိမ် ၃၀ ပြည့်မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကျင်းပမည်

 


MNP - နိုဝင်ဘာ   ၅


မိတ္ထီလာမြို့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်၏ အကြိမ် ၃ဝ ပြည့်မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ နှစ်ရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုထံက သိရသည်။


မိတ္ထီလာကန်အလယ်မှာ တည်ထားကိုးကွယ်တဲ့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်ရဲ့ အကြိမ် ၃ဝ ပြည့် မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့နဲ့ တန်ဆောင်မုန်းလပြည့်နေ့နှစ်ရက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မီးကြာလွှတ်မျှောပူဇော်လိုတဲ့ ဘုရားဖူးလာရောက်သူများကို မီးကြာခွက် ၃ ခွက် တစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မနှစ်က တန်ဆောင်တိုင်ပွဲတော် ကာလမှာတော့ မီးကြာမျှောပွဲကို ဖြစ်တယ်ဆိုရုံပဲ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်တော့ မီးကြာခွက်အရေအတွက်လည်း အခုရေ ၅ဝဝဝ ပြုလုပ်ထားတာမို့ ဒီနှစ်မီးကြာလွှတ်မျောပူဇော်ပွဲက မနှစ်ကထက်ပိုပြီးစည်ကားမှာပါ ဟု အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။


မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမ မိတ္ထီလာကန်ကူးတံတား၏ တောင်ဘက်ရှိ မိတ္ထီလာကန်အလယ်တွင် တည်ထားကိုးကွယ်သော မိုးကောင်းအန္တကူရေလယ်စေတီတော် မီးကြာလွှတ်မျှောပွဲကို နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်ကာလတွင် ကျင်းပလေ့ရှိပြီး ဘုရားဖူးလာရောက်သူဒေသခံများနှင့် ရပ်နီးရပ်ဝေးမှ ဧည့်သည်များက အဆိုပါမီးကြာလွှတ်မျှောပူဇော်ပွဲတွင် အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)