ရွှေတောင်မြို့နယ် တွင် အခြေခံကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင် အခြေခံကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ







MNP ၊ နိုဝင်ဘာ ၈

ပဲခူး တိုင်းဒေသကြီး ပြည် ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန် အထကကျောင်းတွင်ယနေ့နံနက်၉ နာရီ က စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစား နှင့် ကာယပညာဦးစီးဌာနတို့ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင်   စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးက  စားသုံးသူနှင့်ပတ်သက်သော ကုန်စည်နှင့် ဝန်ဆောင်မှု ၊ ကုန်အညွှန်းအမှတ်အသား ( ၈)ချက် အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊  လူကုန်ကူးမှုတားဆီးရေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့်  ရှင်းလင်းဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊နည်းစနစ်မှူး ဒေါ်သပြေက  အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းသို့ တက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကိုကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။


ဆက်လက်၍ ရွှေတောင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ရွှေတောင် အထကကျောင်းအတွက်အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျောင်းသား၊ကျောင်းသူလေးများကိုလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊မုန်တိုင်းပေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)