မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ   ၁၂


မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့ ယမန်နေ့နံက်(၇)နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၊ မဟာဝိဇယရံသီတန်း ဆောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာသော တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များက မဟာဓမ္မိကာရာမ ကျောင်းတိုက်၊ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တရဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံယာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ပဌာနနာယကဆရာတော်ကြီး(၂)ပါးအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ကျန်ရှိသော ပဌာနနာယကဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ထို့နောက်လှူဒါန်းမှုအစုစုတို့အား သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် ဖတ်ကြားလျှောက်ထားပြီး မဟာဓမ္မိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တရဥတ္တရ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ ရေစက်ချအနုမောဒနာ တရားနာယူခဲ့ကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)