စဉ့်ကူးမြို့နယ်၊ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း



MNP - နိုဝင်ဘာ   ၁၅


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းကျေးရွာရှိ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။


အဆိုပါလှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးသောင်းစိန် ဦးစီး၍ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော်(၁)အိတ်၊ ဆီ(၁၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ပြည်၊ ခေါက်ဆွဲခြောက်(၂)ဖာ၊ စုစုပေါင်း(၂၀၅၀၀၀)ကျပ် တန်ဖိုးရှိ လှူဖွယ်ပစ္စည်းတို့ကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က တရားဒေသနာများချီးမြှင့်ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြသည်။


စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ရုံးပင်ကုန်းကျေးရွာရှိ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၂၅)ဦးတို့အား ဆရာ/ဆရာမ(၉)ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)