ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကျောင်းများတွင် ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကျောင်းများတွင် ဆက်လက်ထိုးနှံ

 


MNP - နိုဝင်ဘာ   ၃                                                                                                               


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရား လမ်းနှင့်နဝဒေးလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉နာရီ မှ ၁၁:၃၀ နာရီထိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ၊ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။


ကာကွယ်ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး စောပိုင်၊ အဖွဲ့ဝင် (၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ယာယီရဲမှူးမင်းခိုင်တို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦး နှင့် ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင်  ဒုတိယအကြိမ်အဖြစ် ကျောင်းသား (၆၄) ဦး၊ ကျောင်းသူ (၉၀) ဦး၊ ပေါင်း (၁၅၄) ဦးတို့အား (Sinopharm) အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင်လူ (၅) ဦးနှုန်းဖြင့် ဆေးလုံးရေ (၂၁.၆) လုံးအား လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) အဖြစ် ကျောင်းသား (၂) ဦး၊ ကျောင်းသူ (၃) ဦး၊ ပေါင်း (၅) ဦးတို့အား (Myancopharm) အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင် လူ (၅) ဦးနှုန်းဖြင့် ဆေးလုံးရေ (၁) လုံးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကျန်းမာရေးစစ်ကြောင်း  အဖွဲ့ဝင်များက Mask များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ရန်ကုန်တပ်နယ်မှ ဗိုလ်ကြီးသက်ညီညီမောင် ဦးစီး ၁+၅ ဦး၊ အမှတ် (၃) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် သန့်ဇော်မျိုး ဦးစီး၁+၈ဦး၊ ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ် လှဝင်းပါ (၃) ဦးတို့မှ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပိ့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)