မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့ အောက်ဆီဂျင်စက်ရုံ တက်ရောက်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့ အောက်ဆီဂျင်စက်ရုံ တက်ရောက်ဖွင့်လှစ်ပေး

 


MNP -  နိုဝင်ဘာ  ၃


သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ အောက်ဆီဂျင်စက်ရုံ တည် ဆောက်ထားရှိရာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁)၊ မင်းရန်နိုင်ရပ်ကွက်ရှိ အဆိုပါ အဆောက်အဦးရှေ့တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြာကန်ကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်စန္ဓော ဘာသ (Ph.D India)၊ သာသနာ့တက္ကမဟာဓမ္မာစရိယထံသို့ သွာရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်း များနှင့် ဝတ္ထုငွေတို့ကို ဆပ်ကပ်လှူဒါန်းသည်။


ဆက်လက်၍ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌ လူတစ်ယောက်၏ အသက်ရှင်သန်ရေးသည် အရေးကြီးပါကြောင်း အောက်ဆီ ဂျင်စက်ရုံကို ထိန်းသိမ်းထားရှိခြင်း၊ ကောင်းသော ဝန်ဆောင်မှုပေးခြင်းတို့သည် အထူးကုသိုလ် ရရှိခြင်းလို့ ထင်မိပါကြောင်း မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူများ၏ စားဝတ်နေရေး ကျန်းမာရေးတို့အတွက် အစစအရာရာ ဘက်စုံထောင့်စုံက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သာစည်မြို့နယ်အနေဖြင့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ခြင်းသည် တက်ညီလက်ညီ ညီညွှတ်မှုများကြောင့် ဖြစ်ပါကြောင်း ညီညွှတ်မှုသည် အင်အားဖြစ်ပါကြောင်း ဆရာတော်နှင့် မြို့မိမြို့ဖများက ဝိုင်းဝန်း၍ အခုလို လုပ်ဆောင်တဲ့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သာစည်မြို့နယ် မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုကြောင်း အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်နိုင်ရေးအတွက် သာစည်မြို့နယ်၏ စေတနာ ရှင် အလှူရှင်များက ငွေကျပ် သိန်းပေါင်း ၁၆၀၀ အထိ ပါဝင်လှူဒါန်းထားကြောင်း သိရှိရသည့်အတွက် သာဓုခေါ်ဆိုရင်း မုဒိတာ ပွားများရကြောင်းနှင့် မြို့နယ်အောက်ဆီဂျင်စက်ရုံ ရေရှည်တည်တံ့၍ မြို့နယ်ပြည်သူများ၏ ကျန်းမာရေးစောက်ရှောက်မှု လုပ်ငန်းဟူသမျှကို ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် စက်ရုံကြီးကိုလည်း အစဉ်တစ်စိုက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်  ဝန်ကြီးချုပ်က အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့်  စက်ရုံမြေနေရာ အလှူရှင် ကြာကန်ကျောင်းတိုက် ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ဆပ်ကပ်လှူဒါန်းပြီး အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူကာ မြို့မိမြို့ဖ  တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ ကျပ် ၁၀ သိန်းကို ဝန်ကြီးချုပ်က ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမျိုး သက်ကျော်နှင့် အဖွဲ့ဝင် ဦးစိုးဝင်းအောင် တို့က လက်ခံရယူကြသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးပြီး ကမ္ဗည်းမော်ကွန်း ဆိုင်းဘုတ်အား အမွှေးနံသာရည် ပတ်ဖျန်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ စက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင်  ၄၀ လီတာ ဝင်အိုး ၅ လုံး  ထုတ်လုပ်နိုင်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)