(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများ ခင်းကျင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများ ခင်းကျင်းပြသ

 




MNP - နိုဝင်ဘာ   ၁၂


(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အခြားဆောင်ရွက်ချက်များအား သိရှိစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ကြည့်ရှုလေ့လာနိုင်စေရေး ဌာနဆိုင်ရာ ပြခန်းများအား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သီရိကွင်းတွင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


အဆိုပါ ပြခန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများက အခမ်းအနားဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာပြခန်းများအဖြစ် ကရင်စာပေနှင့်ယဉ်ကျေးမှုပြခန်း၊ တိုင်းရင်းသားရေးရာပြခန်း၊ စည်ပင်သာယာရေးအဖွဲ့ပြခန်း၊နတလပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ လမ်းဦးစီးဌာနပြခန်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ စာပေအနုပညာပြခန်း၊ ကျေးလက်လမ်းနှင့်ကျေးလက်ဦးစီးဌာနပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန ပြခန်း၊ ပညာရေးပြခန်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ သိပ္ပံနှင့်နည်းပညာပြခန်း၊ ပတ်ဝန်းကျင်/ သစ်တော/သတ္တုပြခန်း၊ မီးသတ်တပ်ဖွဲ့ပြခန်း၊ စားသုံးသူရေးရာပြခန်း၊ ကုန်သွယ်မှုမြှင့်တင်ရေးပြခန်း၊ အသေးစားအလတ်စားစီးပွားရေးပြခန်း၊ သမဝါယမပြခန်း၊ လျှပ်စစ်ပြခန်းများနှင့် ဒေသတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့်ဒေသထွက်ကုန်ပြခန်းများလည်း ပြသခဲ့ကြောင်း သိရသည်။


အဆိုပါပြခန်းများအား နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ပြသခဲ့ပြီး (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ပြခန်းများ ခင်းကျင်းပြသခြင်းအပြင် ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)