ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ   ၈


ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီးဒေါ်ခင်စန္ဒာဝင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သံဃာတော်၊ ဆရာတော်များအား ပင့်ဖိတ်ကာ ဆွမ်းဆန်စိမ်း၊ ဆီ၊ ဆား၊ ဆေးစသည့်တိုကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ဌာနသည် ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေး၌ အဓိကကျသော ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူကယုံကြည်အားထားသည့် အုပ်ချုပ်ရေးယန္တရားကောင်း ဖြစ်စေရန်အတွက် နိုင်ငံတော်နှင့်လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်းကောင်းများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ပြည့်ပင်စင်ယူပြီး နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား အတုယူကြစေလိုကြောင်း၊ မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ စသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့ သည်။


ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်အတွင်း သင်တန်းတွင် ထူးခွန်ဆုရရှိသူများ၊ ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့ကြသည့် ဝန်ထမ်းဟောင်းများ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဝန်ထမ်းများအထဲမှ အလုပ်ကြိုးစားဆုံးဆု၊ ရုံးတက်အမှန်ဆုံးဆု၊ ခွင့်အနည်းဆုံးခံစားသူဆု၊ လုပ်သက်ခွင့်မယူသူဆု၊ တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဆု စသည့် ဆုများနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ထုတ်ဆီးထိုး ပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲဖောက်ခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)