ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးအတွင်း သစ်တောလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးအတွင်း သစ်တောလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP ၊ နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ မိုးရာသီတွင်ဆောင်ရွက်မည့် သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေခြင်းများအတွက် သစ်မျိုးစုံ ပျိုးပင် ၃ သန်းခွဲကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသစ် တည်ဆောက်ပြီးစီးမှုနှင့် တိုင်းမြို့မ အမြဲတမ်းပျိုးဥယျာဉ်အတွင်း ၂၀၂၃ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးထောင်ထားသော တမာပျိုးပင် ၈၅၀၀၀ နှင့် အပူပိုင်းသစ်မျိုး ပျိုးပင် ၃၃၀၀၀ ကျော် ပျိုးထောင် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ဒေါင်းနေ တိုးချဲ့ကြိုးပြင် ကာကွယ်တောအတွင်း တည်ထောင်စိုက်ပျိုးထားသော ၁/၂၀၂၀ ကျေးရွာထင်းစိုက်ခင်း ယူကလစ် ဧက ၂၀ ရှင်သန်အောင်မြင်မှုနှင့် ဒေါင်းနေအမြဲတမ်းပျိုးဥယျာဉ်အတွင်း ယူကလစ်၊ ရှား၊ ဒဟက်၊ ကုက္ကိုနှင့် ဖျောက်ဆိပ်အပါအဝင် အပူပိုင်းသစ်မျိုး ပျိုးပင် ၁၂၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦး ကြိုးပြင် ကာကွယ်တောရှိ ရေနံချောင်းမြို့နယ် အထူးစိမ်းလန်းရေးစိုပြည်ရေးဇုံ စီမံကိန်းသို့ရောက်ရှိပြီး ၂၀၂၀ ဖြည့်စွက်အထူးစိမ်းစိုက်ခင်း အပင် ၁၂၀၀၀ ရှင်သန်ကြီးထွားမှု၊ ၂/၂၀၂၂ ဖြည့်စွက် အထူးစိမ်းစိုက်ခင်း အပင် ၁၁၀၀၀ အောင်မြင်ဖြစ်ထွန်းနေမှု၊ နတ်ကန်ဦးနှင့် ယင်းမာချောင်း သဘာဝတောကျန် ဧက ၂၀၀၀ ထိန်းသိမ်းကာကွယ်ထားမှုနှင့် သဘာဝတောကျန်များတိုး တက်ကောင်းမွန်လာမှု၊ ၂၀၂၂ စံပြတမာစိုက်ခင်း ဧက ၂၀ အောင်မြင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ရေနံချောင်း အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး သဘာဝတောကျန်များအား ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသခံပြည်သူများအား သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေးခြင်း၊ တောကျန်ကွက်လပ်နေရာများ၌ ဖြည့်စွက်စိုက်ပျိုးခြင်း၊ သစ်မျိုးအလိုက် ရှင်သန်ကြီးထွားမှုနှင့် ဒေသနှင့်ကိုက်ညီမှု သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)