အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေ



MNP ၊ နိုဝင်ဘာ ၂၃

သတင်းစာရှင်လင်းပွဲများမှာ မဲစာရင်းတိကျမှန်ကန်စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သလို ပြည်သူတွေကြားမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲဟာ ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်နေပါတယ်။ ယနေ့ထုတ် ကြေးမုံသတင်းစာ အယ်ဒီတာအာဘော်မှာတော့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ရာ အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေကြောင်း ရေးသားဖော်ပြလာပါတယ်။


ယနေ့ထုတ် ကြေးမုံသတင်းစာ "ပါတီစုံဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်တည်ဆောက်" ဆိုတဲ့ အာဘော်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုပါရှိပြီး အဆိုပါရှေ့လုပ်ငန်းစဉ်အကောင်အထည်ပေါ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်ပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စနစ်တကျပြန်လည်ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းအတော်များများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ်များဖြစ်သည့် ဥပဒေမူဘောင်ဆိုင်ရာများကို ယခင်ရွေးကောက်ပွဲအတွေ့အကြုံ၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်တို့နှင့်အညီ သုံးသပ်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို မကြာမီပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။


ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာရေးရည်ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေသစ်ကို ပြဋ္ဌာန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အာမခံထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လမ်းညွှန်ပေးထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။


ရွေးကောက်ပွဲကို ပြည်သူအားလုံး၏ ဆန္ဒပါဝင်စေရန်အတွက် နိုင်ငံတစ်ဝန်းလွှမ်းခြုံဆောင်ရွက်ရာ၌ နယ်မြေဒေသအခြေအနေများနှင့် ကိုယ်ပိုင်ဆန္ဒအရ လိုအပ်ချက်များရှိကြောင်း၊ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ရာ အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ်အခြေခံ၍ ဆွေးနွေးနေပြီး ဆွေးနွေးမှုရလဒ်များကို လွှတ်တော်တွင်ဆက်လက်အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိ ပါတယ်။


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို စောင့်မျှော်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေလည်း ရှိနေသလို ရွေးကောက်ပွဲဖြစ်မှ ဖြစ်ပါ့မလားလို့ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ပါအတိုင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို တိုင်းရင်းသားပြည်သူများနှင့်လက်တွဲ၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ အယ်ဒီတာအာဘော်မှာ ရေးသားဖော်ပြထားပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)