MNP ၊ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်း အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ် ခင် လှနွယ်က လူမှုဝန်ထမ်းရုံးမှ လက်ရှိဆောင်ရွက်နေသော ကလေးသူငယ်မှုခင်းများ ၊ ကာ ကွယ် စောင့် ရှောက်ရေး နှင့် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်နေသည်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံ များကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိ တို့ ဌာနများအလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်း ဆွေး နွေး ခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေး သူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ ပေါင်း စပ်ညှိနှိုင်း ပေး ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment