တောင်ကုတ်မြို့နယ်၌ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်

 








MNP ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့် လည်ပွဲကို ယနေ့ ညနေ ၄ နာရီအချိန်က ကျင်းပသည်။

စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စီတန်းလှည့်လည်ရာတွင် ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာများ ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ကျေးရွာအုပ်စု(၆၆)အုပ်စုမှအုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်ယာဉ်ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၃၁)ပင်နှင့် အလှူ ဝတ္တုများ၊ သင်္ကန်းများ ဖြင့် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ မြို့တွင်းသို့စည်ကားသိုက်မြိုက်စွာလှည့်လည်ကြသည်။

စုပေါင်းမဟာဘုံကထိန်ကပ်လှူပွဲအခမ်းအနားကို နိုဝင်ဘာ(၂)ရက်နေ့နံနက်(၉)နာရီအချိန်တွင် ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မာရုံတွင် ဘုန်းတော်ကြီးကျောင်း(၃၁)ကျောင်းမှ သံဃာတော်များအား ပင့်ဖိတ် ၍ ဆက်ကပ်လှူဒါန်းသွားမည်ကြောင်း သိရသည်။

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင် ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မြို့မိမြို့ဖများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)