ဟိုင်းကြီးကျွန်းမြို့၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံလုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများထံသို့ ငါးမျိုးစုံအားပေးဝေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံလုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများထံသို့ ငါးမျိုးစုံအားပေးဝေလှူဒါန်း

 



MNP - နိုဝင်ဘာ   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသခံကမ်းဝေး၊ ကမ်းနီး၊ ဝယ်/စုဒိုင်လုပ်ငန်းရှင်များမှ ပြည်သူများထံသို့ ငါးမျိုးစုံကုန်ချိန်(၁၀၀)ပိဿာကို အိမ်ထောင်စုတစ်စုလျှင်(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု (၂၀၀)အား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ်(၂)ရပ်ကွက်ဈေး၌ အခမဲ့ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ ပေးဝေလှူဒါန်းခြင်းအစီအစဉ်သို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အလှူရှင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး သဒ္ဒါတရားထက်သန်စွာဖြင့် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)