(၄၃)ကြိမ်မြောက်၊ သံတွဲမြို့နယ်စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့်လည်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၃)ကြိမ်မြောက်၊ သံတွဲမြို့နယ်စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့်လည်ပွဲကျင်းပ






MNP ၊ နိုဝင်ဘာ  ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့် (၄၃)ကြိမ်မြောက်၊ ခရိုင်၊မြို့နယ် ဌာနပေါင်းစုံ ဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်း မဟာဘုံကထိန်ပွဲတော် လှည့်လည်ပွဲကို ယနေ့ညနေ ၃ နာရီက ဒွါရာဝတီခန်းမ မှ စတင်၍ သံတွဲမြို့အတွင်းစီတန်းလှည့်လည်ခဲ့ကြသည်။


ထိုသို့စီတန်းလှည့်လည်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊မြို့မိမြို့ဖများ မဟာဘုံကထိန်ပွဲတော် ကျင်းပရေးကော်မတီဝင်များမှ ဦးဆောင်၍ ကထိန်(ဒုကုဋ်)ညှပ်မကြီးသင်္ကန်း၊ ရခိုင်မင်္ဂလာစည်တော်အဖွဲ့၊ သင်္ကန်းနှင့်လှူဘွယ်ဝတ္ထုကိုင် လှပျိုဖြူများနှင့် ပဒေသာပင်(၃၃)ပင်တို့ အားစီတန်းကာ အိုးစည်၊ ဒိုးပတ်ဝိုင်းများ တေးနုယဉ် တေးသံသာအဖွဲ့များဖြင့် မြို့အတွင်းသို့ စည်ကားသိုက် မြိုက်စွာ လှည့်လည်ခဲ့ကြသည်။ 


ညပိုင်းတွင် ဒွါရာဝတီခန်းမအတွင်း ပဒေသာပင်များကို ရောင်စုံမီးများထွန်းညှိ၍ ပြည်သူများ သဒ္ဒါတရားပွါးများနိုင်စေရန်ည(၁၀)နာရီအထိပြသမည်ဖြစ်ပြီး တေးဂီတဖျော်ဖြေမှုများဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။ ဆက်လက်၍ နိုဝင်ဘာ(၆)ရက်နေ့ နံနက်(၉)နာရီတွင် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)