တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 


MNP - နိုဝင်ဘာ   ၁၄


တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အစည်း အဝေးတွင် "Health and Safety Protocols တံဆိပ် ရရှိထားကြသည့်ဟိုတယ်များအား HSP တံဆိပ်များ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တနင်္သာရီတိုင်းဒေသကြီးအတွက် အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုင်းဒေသကြီးအတွင်းရှိသောသဘာဝ သယံဇာတများဖြစ်သည့် ပင်လယ်ကမ်းခြေများ၊ တောတောင်များ၊ ကျွန်းများနှင့်ဆက်စပ်ပြီး တိုးမြှင့်လျှင်တိုးမြှင့်သလောက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ကြောင်း၊တိုင်းအတွင်းခရီးသွားဧည့်သည်များပိုမိုလာရောက် နိုင်ရန်၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပြီး တစ်ခြားနေရာဒေသတွင်လုပ်ကိုင်နေသော တိုင်းဒေသကြီးရှိလူငယ်များ ပြန်လည်ဝင်ရောက်လာနိုင်ကြောင်း၊ ယခုတိုင်းဒေသကြီးအတွင်းတွေ့ကြုံနေရသော တည် ငြိမ် အေးချမ်းမှုရရှိနိုင်မည်ဆိုပါက ဒေသအတွင်းမှာရှိသော ပြည်သူများအလုပ်အကိုင်အခွင့် အလမ်း များရရှိမှာဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားလုပ်ငန်းများပိုမို ဖြစ်ထွန်းအောင်မြင်ရမှာဖြစ်သော်လည်းအကြောင်းအမျိးမျိုးကြောင့် ခရီးသွားဧည့်သည်များ လာရောက်မှုနည်းပါးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီး အတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် ခရီးသွားဧည့်သည်များလာရောက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတကာအဆင့် အသိအမှတ်ပြု "Health and Safety Protocols- HSP" တံဆိပ်ရရှိထားကြသည့် ဟိုတယ်(၇)လုံး အား"HSP" တံဆိပ်များကို ချီးမြှင့် ပေးအပ်ခဲ့သည်။


ဆက်လက်၍ကော်မတီ အတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများနှင့်ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက် ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက်အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆွေးနွေးတင်ပြ ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)