မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာဆရာ/ဆရာမများအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်း၊ကျောင်းသား/သူများအား စက်ဘီးထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူဦးကြီးများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာဆရာ/ဆရာမများအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်း၊ကျောင်းသား/သူများအား စက်ဘီးထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူဦးကြီးများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၃


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာဆရာ/ဆရာမများအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်း၊ ကျောင်းသား/သူ များအား စက်ဘီးထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူဦးကြီးများအား တွေ့ဆုံပွဲအခမ်းအနားကို  ယနေ့နံနက်က မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူ းကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူမျာ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ထိုသုံးပါးသီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ကျွန်တော်တို့နိုင်ငံမှာ  တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရှိပါကြောင်း၊ အဲတာကတော့ ကျောင်းသူလေးတွေတင်ဆက်သွားတဲ့ ထိုသုံးပါးဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ မိမိလူမျိုး၊ မိမိရိုးရာယဉ်ကျေးမှု၊ မိမိအမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ မန္တလေးတိုင်းဒေသကြီးအနေနဲ့ သံဃာတော်တွေကို ဆွမ်း၊ ကွမ်း အခက်အခဲ မဖြစ်ရအောင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်အနေနဲ့ရော စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခုလို ချီးမြှင့်ထောက်ပံ့ခြင်းသည် ထိုသုံးထဲမှ ၃၈ ဖြာမင်္ဂလာတရားနဲ့အညီ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရမယ် ပေးကမ်းစွန့်ကျဲထိုက်သူကို ပေးကမ်းစွန့်ကျဲရမှာဖြစ်ပါကြောင်း။ အဲ့အထဲမှာ အနန္တဂိုဏ်းဝင်ဆရာ/မများကို ချီးမြှင့်ထောက်ပံ့ပါတယ်၊ ပညာရေးကို ကြိုးစားပီး သင်နိုင် အောင် အချိန်ကိုတန်ဖိုးရှိစွာ အကျိုးပြုနိုင်အောင် လိုအပ်နေတဲ့ သားငယ်/သမီးငယ်လေးများ အတွက် စက်ဘီးထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ အဲဒီလိုပါပဲ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်း သော ပြည်သူများသည် တောင်သူဦးကြီးများဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ တောင်သူဦးကြီးများနဲ့ပါ တစ်ပေါင်းတည်း တွေ့ရခြင်းဖြစ်ပါကြောင်း  ပြောကြားသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာဆရာ/ဆရာမအတွက် ဝတ်စုံများနှင့် ချီးမြှင့်ငွေများ၊  ကျောင်းသား/ သူ (၁၀၀) ဦးအတွက် စက်ဘီးစီးရေ (၁၀၀) စီး၊ တောင်သူဦးကြီးများနှင့် ဖျော်ဖြေရေး ကျောင်းသူလေးများအား ဆုချီးမြှင့်ငွေများ ပေးအပ်ပြီး  ကျေးရွာအုပ်စု (၁၂) အုပ်စု အတွက်  ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန် ကျပ် (၁၂)သိန်း၊ စေတနာရှင်လူမှုကူညီရေး အသင်းအတွက် ကျပ် (၃)သိန်းတို့အား တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။


ဆက်လက်၍ သာစည်မြို့နယ် တောင်ပေါ်ဒေသ(၁၃)ရွာ အတွက် Solar Home စနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တက်ရောက်လာသော ဒေသခံတောင်သူ ဦးကြီးများ၏ စိုက်ပျိုးရေးနှင့် ပက်သတ်၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြ ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးသည်။ ၎င်းနောက် ဝန်ကြီးချုပ်က နိဂုံးချုပ်ပြောကြားပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက အအက္ခရာအောင်ပါစေ သီချင်းဖြင့် ဖျော်ဖြေသည်။ ထို့နောက် ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နုတ်ဆက်ပြီး စက်ဘီးများစီးနင်းပြီး ပျော်ရွင်စွာ ပြန်လည်ထွက်ခွာသော ကျောင်းသား/သူများအား အားပေးနုတ်ဆက်ခဲ့သည်။ ဆက်လက်၍  ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာစည်မြို့ မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေးရှိ မင်းလှကန် ရေဝင်ရောက်မှု အခြေအနေနှင့် စိုက်ပျိုးရေ ပေးဝေနိုင်မှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထွက်ခွာကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)