ရန်ကင်းမြို့နယ်ရှိ အမှတ်( ၂) အခြေခံပညာအလယ်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်ရှိ အမှတ်( ၂) အခြေခံပညာအလယ်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်

 




MNP - နိုဝင်ဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုတဲ့ စကားအတိုင်း ကလေးများ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ ခြင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်တားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်၍ နံနက် ၈:၃၀ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သို့ဖြစ်ရာ သွေးလွန်တုပ်ကွေးရောဂါသည် ကာကွယ်ဆေးထက် ခြင်နှိမ်နင်းရေးက အဓိက ကျသဖြင့် ပတ်ဝန်းကျင်ရှိ ခြင်အောင်းနိုင်သောနေရာများ၊ ရေသိုလှောင်ထားသည့်အုတ်ကန်၊ ရေကန်နှင့် ရေစီးရေလာမကောင်းသည့် မြောင်းများကို ရှင်းလင်းခြင်း၊ ရေဝပ်နိုင်သော နေရာများကို ဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။


သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး၊ ပတ်ဝန်းကျင်မသန့်ရှင်းပါက လေကောင်း လေသန့်မရရှိပဲ ညစ်ညမ်းသောလေကိုသာ ကလေးများ ရှူရှိုက်မိပါလျှင် အသက်အန္တရာယ်ထိ စိုးရိမ်ရသောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို မြို့နယ်စစ်ကြောင်းကြီးများမှ ဝိုင်းဝန် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)