မက်မန်းမြို့၌ ကျေးလက်ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ ကျေးလက်ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

 



MNP - နိုဝင်ဘာ ၁၄


ရှမ်းပြည်နယ် (အရှေပိုင်း)၊ ”ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြိုနယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးဝေရေး စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်( ၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် ဝန်ထမ်းများက ငွေမော်ဖကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် နမ့်ခမ်းပါးကျေးရွာစိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံမှ လိုက်လံရှင်းလင်းပေးခဲ့ပြီး ခရိုင်ဦးစီးမှူးမှ လုပ်ငန်းအရည် အသွေးပြည့်မီ၍ အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ  ကျေးလက်ရေပေးဝေရေးလုပ်ငန်းများကို မက်မန်းမြို့နယ်အတွင်းရှိ မန်ကောင်းကျေးရွာ၊ နားဟန်ကျေးရွာ၊ ပန်နောင်ရွာနှင့် နမ့်ခမ်းပါးကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်ယူခြင်း (၃)မိုင်နှင့် ဂါလံ(၅၀၀၀) ဆံ့ ရေစုကန်များကို ခွင့်ပြုရန်ပုံငွေကျပ်(၆၀.၄၁၈)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ (၈၅)ရာခိုင်နှုန်းကျော် ပြီးစီးပြီးဖြစ်ကြောင်း  သိရသည်။


သတင်း - စိုင်းရွှေအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)