အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမိသားစု၏ (၄၀)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမိသားစု၏ (၄၀)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်




MNP - နိုဝင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော အခြေခံပညာ အထက်တန်းကျောင်း (အင်္ဂပူ) မိသားစု၏ (၄၀)ကြိမ်မြောက်မဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့နံနက်(၇)နာရီအချိန်က အဆိုပါကျောင်းစုရပ်မှ မြို့နယ်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရသည်။


ထိုသို့ လှည့်လည်ပူဇော်ရာတွင် အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်စိုး ဦးဆောင်၍ ဆရာ/ဆရာမများ ၊ကျောင်းသား/သူများ စုပေါင်းပြီး အိုးစည်၊ ဗုံမောင်းများ၊ အကများဖြင့် မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ပြီး ကထိန် ပြုလုပ်ရာ တာဝတိံသာကျောင်း တိုက်သို့ ပဒေသာပင်များအားပို့‌ဆောင်ခဲ့ကြောင်း သိရသည်။


အခြေခံပညာ အထက်တန်းကျောင်း (အင်္ဂပူ)မိသားစု၏ (၄၀)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မုဒိတာနှောင်ကြိုး ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းပြီး ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်း (၅၀၇၅၅၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)