ပုလောမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်



MNP - နိုဝင်ဘာ  ၁၃


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ  စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက  အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို   ပညာရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီး ပါကြောင်း၊ လုပ်ငန်းတိုင်းတွင် စီမံခန့်ခွဲမှုကောင်းမွန်မှသာ ပညာရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပညာရေးတွင် တာဝန်ယူရသော ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ပညာရေးဥပဒေနှင့် မူဝါဒများကိုသိရှိပြီး အကောင်အထည်ဖော် ဆောင်နိုင်ရေး ပံ့ပိုးကူညီပေးကြရမည် ဖြစ်ပါကြောင်း၊ မိမိတာဝန်ထမ်းဆောင် ရာဒေသ၏ သင်ကြားသင်ယူရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို အချင်းချင်း အသိပညာ၊ အတတ်ပညာ၊ အတွေးအမြင်များကို ဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် မြို့နယ်ပညာရေးမှူး ဦးစောသိန်းဝင်းက ပြောကြားခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲကို ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမ ကြီး(၅၀)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့ အထိ (၂)ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)