ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အဆိုပြုစီမံကိန်းလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အဆိုပြုစီမံကိန်းလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်တင်ပြသည့် အဆိုပြုစီမံကိန်းလုပ်ငန်းများနှင့်ပက်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနများအား ရုံးဥပဓိရုပ်သန့်ရှင်းသပ်ရပ်ရေး၊ ဖွဲ့စည်းထားသော စစ်ကြောင်း (၅)ကြောင်းတွင် ဌာနဆိုင်ရာများဖြင့် လုပ်ငန်းများဆောင်ရွက်‌နေမှုများ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည်လုပ်ငန်းများအား ဆွေးနွေးခြင်း၊ ဌာနဆိုင်ရာများအသင်းအဖွဲ့များဖြင့် အပတ်စဉ်(စနေ့)တိုင်း ပြုလုပ်သော စုပေါင်းသန့်ရှင်းရေးအား စာသင်ကျောင်းများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးရေး စက်မှုဇုန်များတွင် လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာခြင်းများ ဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဓာတ်အားကြိုးပြတ်တောက်မှု မရှိစေရေးဆောင်ရွက်ထားရှိရန် အစရှိသည်တို့အား ဆွေးနွေးပြီးနောက် ဆက်လက်၍ ဒေသဖွံ့ဖြိုးရေး အတွက်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်တင်ပြသည့် အဆိုပြုစီမံကိန်းလုပ်ငန်းများအား မိမိတို့ မြို့နယ်ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်၍ အကျိုးပြုသောသော လုပ်ငန်းများဖြစ်ရန် ဆောင်ရွက်ရန်တင်ပြသည့် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများအား လုပ်ငန်းများနှင့် ပက်သက်၍ တစ်ခုချင်းအလိုက် ပြန်လည်စိစစ်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေမှ အဆိုပြုတင်ပြတောင်းခံထားသော စီမံကိန်းလုပ်ငန်းတစ်ခုချင်းအလိုက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ပြန်လည်၍ဆွေးနွေး‌ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)