ပလောက်မြို့တွင် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့တွင် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက်



MNP - နိုဝင်ဘာ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်၏အစီအစဉ်ဖြင့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်၊ ပြည်သူ့ဆေးရုံအရှေ့၊ ဗဟိုလမ်းတွင် ပလောက်တပ်နယ်မှ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါအခြေခံစားကုန်များ ရောင်းချပေးရာတွင် ကြက်သား(၁)ပိဿာ (၇၀၀၀)၊ ဝက်သား (၁) ပိဿာ(၈၀၀၀)၊ကြက်ဥ (၆)လုံး (၁၀၀၀)၊ နွားနို့(၁)ဘူး(၁၀၀၀) ၊ ကန်စွန်းရွက် တစ်စည်း (၁၀၀) နှုန်းဖြင့် နံနက် (၇) နာရီအချိန်ကစတင်၍   ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူ များမှာ ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။


ထို့သို့ရောင်းချပေးရာတွင် ပလောက်မြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်ဝန်ထမ်းများမှ ကူညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - နှင်းမြူလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)