သံတွဲမြို့၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး




MNP ၊  နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ သံတွဲခရိုင် အားကစားခန်းမ၌ စစ်ဆေးလျက်ရှိသည်။

အဆိုပါစာမေးပွဲကို သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ထူးချွန်ကျောင်းသား/သူ ၁၆ ဦးဖြေဆိုပြီး အထက်တန်း အဆင့် Grade-10 နှင့် 11တို့မှ ထူးချွန်ကျောင်းသား/သူ ထူးချွန်ကျောင်းသား/သူ ၁၉ ဦးတို့သည် ယနေ့နံနက် ၇ နာရီမှ ၁၀နာရီထိ အထက်တန်းအဆင့်ကိုလည်းကောင်း၊ အလယ်တန်းအဆင့်အား မွန်းလွဲ ၂ နာရီမှ  ၄:၃၀ နာရီအထိ စစ်ဆေးလျက်ရှိကြောင်းဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းနိုင် ထံမှသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)