ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ် သည်။


ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရပ်ကွက်အုပ်စုများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများအား အလွဲ သုံးစားမှု မဖြစ်ပေါ်စေရေး၊ ရပ်ရွာတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်‌ရေး၊ မဲရုံစာရင်း လျာထားသတ်မှတ်ခြင်းနှင့် မဲစာရင်းများ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး အလေးထား လုပ်ဆောင်ရန်၊ ဆီထွက်သီးနှံ  နေကြာများအား လမ်းဘေးဝဲယာများတွင် အဓိက စိုက်ပျိုးနိုင် ရေးနှင့်  လျာထားစိုက်ဧက အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ ရပ်ရွာသန့်ရှင်း သာယာလှပရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြ ရန်တို့ကို ဆွေးနွေးပြောကြား သည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်က နေကြာစိုက်ဧကများအတွက် မျိုးစေ့များ ထုတ်ပေးလျက်ရှိရာ ထုတ်ရန်ကျန်ရှိသော ကျေးရွာအုပ်စုများအနေဖြင့် အမြန်ဆုံးလာရောက် ထုတ်ယူရန် နှင့် နေကြာစိုက်တောင်သူများ စိုက်ပျိုး၍ မျိုးစေ့ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ပါက စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် နေကြာမျိုးစေ့များ ထပ်မံ၍ အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ မြို့နယ် ကော်မရှင်ဦးစီးမှူးက မဲစာရင်းဇယားပြုစု ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းပြင်ဆင်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)