ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်မြောက်ရေးအတွက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်မြောက်ရေးအတွက် အစည်းအဝေးကျင်းပ

 



MNP - နိုဝင်ဘာ   ၄


ရသေ့တောင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် စစ်ရှောင်စခန်းမှ မိသားစုဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ အစဉ်အလာမပျက် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ရသေ့တောင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာများ၊ စာသင်သား ကိုရင်များ၊‌ မေသီလရှင်များအား မြို့လုံးကျွတ် ဆွမ်း‌တော်ကြီးလောင်းလှူခဲ့ရာ ယခု ဒုတိယအကြိမ်မြောက် လောင်းလှူနိုင်ရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများက ရသေ့တောင်မြို့ အလိုတော်ပြည့် ကျောင်းတိုက် ဓမ္မာရုံအတွင်းတွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ရဟန်း၊ သံဃာများ၊ စာသင်သားကိုရင်များ၊‌ မေသီလရှင်များ အပါး (၁၂၀) ခန့်အား လောင်းလှူသွားမည်ဖြစ်ပြီး ပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်ဘောလုံးကွင်း ဝင်းအတွင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


သတင်း - ထွန်းလင်းကျော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)