MNP - နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားတို့၏ တန်ဆောင်တိုင် လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့သူမြို့သားများမှ စီစဉ်ကျင်းပသော တတိယအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သမိုင်းဝင်မိုင်ဆီကျိုင်မိုင်းစေတီတော် ပရဝုဏ်အတွင်း၌ စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ ပင့်သံဃာတော် (၇၇)ပါးအား ရှမ်းတိုင်းရင်းသားပြည်သူများ၊ ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင် အလှူရှင်များက ဝတ္ထုငွေများ၊ ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ကုသိုလ်ပြု လောင်းလှူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရှမ်းအိုးစည်များတီးခတ်၍ ရှမ်းသိုင်းအက၊ ကိန္နရီ၊ ကိန္နရာအကများ၊ သိုးနရားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပျော်ရွှင်စွာဖြင့် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment