မြန်မာ- တရုတ် ခရီးသွား ဧည့်လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ- တရုတ် ခရီးသွား ဧည့်လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊ နိုဝင်ဘာ ၁၅

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း(၉၀)ကျော်မှ ခရီးသွားဧည့်သည်များ လာရောက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံ(၈)နိုင်ငံအားခွင့်ပြုပေးခဲ့ပြီး နိုင်ငံပေါင်း(၁၀၀)ကျော်ကိုလည်း အီလက်ထရောနစ်စနစ်ဖြင့် ဗီဇာများခွင့်ပြုပေးလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။


ယနေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့် အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ- တရုတ် ခရီးသွားဧည့်လမ်းညွှန် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။


အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရှိ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဗျူရိုနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းစီစဉ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား(၅၈)ဦး တက်ရောက်ကြမည် ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၁၅ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုသင်တန်းမှာ တရုတ်ခရီးသွားဈေးကွက်အတွက် တရုတ်ဘာသာစကားပြောဧည့်လမ်း ညွှန်များကို ဘာသာစကားစွမ်းရည် ကျွမ်းကျင်မှုရှိပြီး ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်ဘာသာစကားသင်တန်းများကို အွန်လိုင်း၊ အော့ဖ်လိုင်းစနစ်ဖြင့် ဝန်ကြီးဌာနမှဝန်ထမ်းများ၊ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး တရုတ်- မြန်မာချစ်ကြည်ရေး ပညာသင်ဆုများကို တက္ကသိုလ်နှင့်ကောလိပ်တို့မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဘာသာရပ်ကို လေ့လာသင်ယူနေကြသည့် ထူးချွန်ကျောင်းသား(၄၀)ကို ပေးအပ်ခဲ့ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းပါဝင်ကူညီပံ့ပိုး ပေးနေခြင်းကို အထူးကျေးဇူးတင်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။


ထို့ပြင် တရုတ်နိုင်ငံ ယဉ်‌ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဗျူရိုမှ First Level Inspector မစ္စတာ ကျန်ရှီးလုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ကျင်းတို့က အမှာစကားပြောကြားကြပြီး ရှန့်ဟိုင်ယုကီ ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း နည်းပညာဝန်ဆောင်မှု ကုမ္ပဏီဒုတိယအထွထွေ မန်နေဂျာ မစ္စကောင်းဟန်(န်)က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် အများဆုံးလာရောက်သော နိုင်ငံများထဲ တွင် တရုတ်နိုင်ငံပါဝင်ခဲ့ပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင်လည်း တရုတ်ခရီးသွား ဧည့်သည်များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)