MNP - နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံအုပ်ချုပ်ရေးအရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်လျက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဌေးဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။ သင်တန်းတွင် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီး (၃၀၇)ဦး တက်ရောက်ပြီး သင်တန်းတွင် ဘဏ္ဍာရေး၊ သင်ကြားရေး၊ စစ်ဆေးရေး၊ စီမံအုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုပညာများကို မြို့နယ်ပညာရေးမှူး ဦးဌေးဌေးက ပို့ချဆွေးနွေးမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ဖြစ်သည်။
အဆိုပါ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - စန်းကလျာခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment