ကျိုက်ထိုမြို့နယ်၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - နိုဝင်ဘာ   ၁၅


မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာ လုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးဇေယျာဦးက အဖွင့်အမှာစကား ပြောကြားပြီး သထုံခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် အစီအစဉ်များကိုလည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး (စီမံ) ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမော်က ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၂) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၅၇ ကျောင်းတို့မှ ကျောင်းအုပ်ကြီး ၁၅၇ ဦးတို့က စီမံဘဏ္ဍာပညာဘာသာရပ်နှင့် ဝန်ထမ်း ကျင့်ဝတ်တို့ကို အပြန်အလှန်ဆွေး နွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)