ရသေ့တောင်မြို့၌ မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲ ကျင်းပပြုလုပ်





MNP ၊  နိုဝင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ကျောင်းသူ များအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သည်။


ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကို  ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် တာဝန်ရှိသူများကလာ‌ ရောက်ကြည့်ရှုကြပြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှလူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူ Grade- 9 မှ (၅)ဦး၊  Grade- 10မှ (၄)ဦး၊ Grade- 11 မှ(၄)ဦး စုစုပေါင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို နိုဝင်ဘာ(၂၉)ရက်နေ့၌ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကာ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)