အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

 


MNP - နိုဝင်ဘာ   ၄


အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ဘားအံ) သို့ ယမန်နေ့တွင် သွားရောက်ခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးရာ ဆက်ဆံရေးဦးစီးဌာနများမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တာဝန်ခံအရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား အလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ ဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများသည် အများပြည်သူအပေါ် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများဖြစ်သဖြင့် စေတနာထား ဆောင်ရွက်ကြရန် မှာကြား၍ သင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းသားများအား တွေ့ဆုံ၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းများအား ကြိုးစားသင်ယူနိုင်ရေး မှာကြား၍ လုပ်ကိုင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)