အမ်းမြို့နယ်၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် အလှူရှင်များ စုပေါင်းမဟာဘုံက ထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် အလှူရှင်များ စုပေါင်းမဟာဘုံက ထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ








MNP ၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ် ၊ အမ်းခရိုင် ၊ အမ်းမြို့နယ်တွင်  ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အလှူ ရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် မင်္ဂလာအခမ်း အနားကို ယနေ့ နံနက်  ၉ နာရီ အချိန်က ရွှေအမ်းတောင် ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေ့ဦးစွာ အခမ်းအ နားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကတော့၍ ဖွင့်လှစ်ပြီး ဘန်းတောင်ကျောင်းတိုက် ဆရာ တော်ကြီးထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ကြွရောက်တော်မူကြသော ဆရာ တော်၊ သံဃာတော် အရှင်သူမြတ်များထံမှ  မေတ္တာသုတ်ပရိတ်တရားတော်မြတ်ရွတ်ပွားချီးမြှင့်တော်မူကြပြီး ကမ်းဒိတ်ကျောင်းတိုက် ဆရာတော် အရှင်သူ မြတ်ထံ ကထိန်သင်္ကန်းအား ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကထိန်အရံသင်္က န်း နှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဘန်းတောင်ကျောင်းတိုက် ဆရာတော်ကြီးထံမှ  ကထိန်အနုမောဒနာတရားတော် နာယူကြသည်။


ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အလှူ ရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ ပိတ်သိမ်း၍ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)