တောင်ကုတ်မြို့၌ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ



MNP ၊ နိုဝင်ဘာ ၉

တောင်ကုတ်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်သည်။


ရှေ့ဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေတင့် က ၂၀၁၉-ခုနှစ်၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက် များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့်ဆောင်ရွက် မည့်လုပ်ငန်းတာဝန်များကိုရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်း လင်းဆွေးနွေးသည်။


တောင်ကုတ်မြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ကို အသစ်ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီအနေဖြင့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သော ရှင်သန်ခွင့်အခွင့်အရေး ၊ ဖွံ့ဖြိုးတိုးတက်ခွင့် အခွင့်အရေး ၊ ကာကွယ်စောင့်ရှောင့်ခွင့်အခွင့်အရေး နှင့် ပါဝင်ဆောင်ရွက်ခွင့်အခွင့်အရေးများ ကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။


အစည်းအဝေးသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ နှင့်ကော်မတီဝင် များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)