မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ ပန်းရောင်းသူများ ရောင်းအားကောင်း၍ အဆင်ပြေနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ ပန်းရောင်းသူများ ရောင်းအားကောင်း၍ အဆင်ပြေနေ



MNP - နိုဝင်ဘာ  ၇


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ပန်းရောင်းသူများက ပုံမှန်ဈေးနှုန်း ထက်ချိုသာစွာ ရောင်းချနေမှုကြောင့် ပန်းဝယ်သူများဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ပန်းရောင်းသူဈေးသည်တစ်ဦးထံမှ သိရသည်။


"ကျွန်မတို့ အခါကြီးရက်ကြီးတွေမှာ ပိုမိုလူစည်ကား‌တော့ ပို‌ရောင်းရပါတယ်၊ မိသားစု ပန်းစည်းတစ်စည်းဆို (၅၀၀) ကျပ်၊ နေ့နံအစုံပါ ပန်းတစ်စည်းဆို (၂၀၀) ကျပ်နဲ့ ရောင်းပေးပါတယ်၊ ပုံမှန်ရက်မျိုးဆိုလည်း ဒီဈေးနှုန်းထက်ပိုမရောင်းပါဘူး၊ အခုဆို ပိုပြီးတော့ ဈေးချိုပါတယ်၊ မလှူနိုင်ဈေးရောင်းဆိုသလို ပန်းများလည်း ပိုမိုထည့်ပေးထားပါတယ်၊ ပုံမှန်ရက်မျိုးဆို တစ်ရက်ကို (၈၀၀၀) လောက်ကျန်တယ်၊ အခုဆို တန်‌ဆောင်မုန့်လပြည့်‌နေ့လည်းဖြစ်‌တော့ လူတွေကလည်မြင်တဲ့အတိုင်းပဲ တိုးနေရတာလေ၊ လူတိုင်းလိုဝယ်ပါတယ်၊ မိသားစုပန်း စည်းတွေကပိုပြီး‌ ရောင်းရတယ်၊ ကျွန်မတို့က ပန်းပေါင်းစုံတင်ရောင်းချတာဆိုတော့ ဈေးဝယ်သူတွေအနေနဲ့ အဆင်‌ပြေပါတယ်။ ပန်းအမျိုးအစားတွေကတော့ နှင်းဆီပန်း၊ ဂန္ဓမာပန်း၊ ပန်းထိန်ငိုပန်း၊ သစ္စာပန်း၊ လီလီပန်း၊ သစ်ခွပန်း၊ မေမြို့ပန်း၊ ခတ္တာပန်း၊ ကာနေရှင်းပန်း၊ သပြေပန်း၊ နှင်းပန်း၊ ဒေစီပန်းစတဲ့ ပန်းပေါင်းစုံ ရောင်းချပါတယ်။ အခုဆိုပန်းတွေက‌ အရမ်းပေါပြီး ဝယ်ယူသူတွေအနေနဲ့အရမ်းကို အဆင်ပြေပါတယ်။ အမြတ်ကတော့ ဒီလမှာ ဘုရားဖူးတွေက အရမ်းကိုပေါများတော့ ပိုအမြတ်ရပါတယ်၊ ကျွန်မတို့တစ်ဆိုင်ထဲ‌ ရောင်းတာမဟုတ်တော့ ဝယ်သူတွေကလည်း ကြုံသလိုဝယ်ကြတယ်လေ ဆိုင်တိုင်းရောင်းကောင်းကြပါတယ်" ဟု ပန်းရောင်းသူ ဒေါ်မိငယ်က ပြောကြားခဲ့သည်။


ကျွန်မတို့အနေဖြင့် ဘုရားဖူးအများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ပန်းများဝယ်ယူနိုင်ရန် နောက်ရက်‌၊ နောက်နှစ်တွေမှာလည်း ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေတိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)