စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - နိုဝင်ဘာ   ၅


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လေးစုရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင် မြေခန်းမတွင် ပြုလုပ်သည်။


အခမ်းအနားတွင် အမရပူရခရိုင် ပညာရေးမှူး ဒေါ်ခင်စန်းဝင်းက စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ သင်ကြားသင်ယူမှုများ မှန်ကန်ထိရောက်ရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပို့ချပေးသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဦးညွန့်ဝေ ပညာရေးမှူးတာဝန်ခံ အမရပူရမြို့နယ်မှ စီမံရေးရာခေါင်းဆောင်မှု၊ ဒေါက်တာစမ်းပပကျော် ပညာရေးမှူး အောင်မြေသာစံမြို့နယ်မှ ဘဏ္ဍာရေးရာ၊ ဒေါ်သန်းသန်းဦး ပညာရေးမှူး ချမ်းအေးသာစံမြို့နယ်မှ ပညာရေးရာ၊ ဦးစိုးမိုးဟန် ဒုပညာရေးမှူး အမရပူရမြို့နယ်မှ စီမံရေးရာ၊ ဦးအောင်သူရဝင်း ဒုပညာရေးမှူး အမရမပူရမြို့နယ်မှ ကြီးကြပ်အကဲဖြတ်နှင့် ဒေါ်သန်းသန်းဦး ဦးစီးအရာရှိ အမရပူရမြို့နယ်မှ စီမံကိန်းစာရင်းအင်း စသည့် ခေါင်းစဉ်များဖြင့် ပို့ချပေးမှာဖြစ်ပြီး အမရပူရမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ဆရာ၊ ဆရာမကြီး ၁၀၂ ဦး တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့ နှင့် ၆ ရက်နေ့ထိ ၂ ရက်တာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)