သံတွဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ





           

MNP ၊ နိုဝင်ဘာ ၇  

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈.၃၀နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်အုပ်ချူပ်ရေးမှူးဦးမျိုးချစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုရှင်းလင်းပြောကြားပြီး Video Clip ကိုပြသခဲ့သည်။ထို့နောက်  ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဝန်ထမ်းများအားတူညီဝတ်စုံများပေးအပ်ခဲ့သည်။ဆက်လက်၍ အငြိမ်းစားဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်များပေးအပ်ခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးဒေါ်ဝင်းမြတ်ဖြူက ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။ ၎င်းနောက် ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေး ဦးမြင့်စိုးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အလှူအဖြစ် သံတွဲမြို့နယ် သံဃနာယကဥက္ကဌ ဆရာတော်ဘဒ္ဒန္တရေဝတ အမှူးပြုသည့် ဆရာတော်ငါးပါးထံမှ ငါးပါးသီလခံယူပြီး မေတ္တာသုတ်ပရိတ်တရားတော်များနာယူကြပြီး လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်ငါးပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)