MNP ၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံ လူဦးရေစာရင်း မှန် ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက် ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက်က အောက်ရွာကျေးရွာ အုပ်စု အောက်ရွာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး ဦးဆောင် ၍ မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ စာ ရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံလူဦးရေစာ ရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment