လေးမျက်နှာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - နိုဝင်ဘာ ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ခင်းများ စိုက်ပျိူးထားရှိမှုအခြေအနေများကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်း၍ အဖွဲ့(၄)ဖွဲ့ခွဲကာ မြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိူးပြီးစီးမှု၊ မြေယာပြုပြင်ထားရှိမှုနှင့် အပင်ပေါက်နှုန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်နည်းပညာ အကူအညီများအား မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ကွင်းဆင်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။ လေးမျက်နှာ မြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ရည်ရွယ်၍ ဆီထွက် သီးနှံနေကြာ(၁၁၀၃၅)ဧက စိုက်ပျိူးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)