နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကျင်းပ










MNP ၊ နိုဝင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ပုဂ္ဂိုလ်များအား  ထပ်ဆင့်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြုချီးမြှင့် သည်။


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်ချီးမြှင့်‌ပေးအပ်သည့် ရဲဗလတံဆိပ်ရရှိသူများနှင့် တက်ရောက်လာသော မိသားစုဝင်များအား ဂုဏ်ပြုအားပေး အမှာစကားပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်မိသားစုဝင်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းရည်သတ္တိဆိုင်ရာ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်အတူအမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။


ယင်းဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်မိသားစုဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ 


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)