ကျိုက်ထိုမြို့နယ်တွင် (၇၃)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် (၇၃)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ



MNP - နိုဝင်ဘာ   ၈


ကျိုက်ထိုမြို့နယ်တွင် (၇၃)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


ပထမဦးစွာ နံနက် ၁၀ နာရီခွဲတွင် မဟာဘုံကထိန်ပွဲကျင်းပရန် ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော်များအား မဟာဘုံကထိန်ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့မှ မဟာမေဃဝန်ကျောင်းတိုက်ဓမ္မာရုံ၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်း(၅၅)ကျောင်းအတွက်  ပဒေသာပင်(၅၅)ခု တန်ဖိုးငွေစုစုပေါင်း(၃၁၈၇၅၂၅၀)ကျပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား စာရေးတံမဲနှိုက်ပြီး မဟာဘုံကထိန်ပွဲကျင်းပရာ မြို့နယ်သာသနာ့ဗိမာန်တော်သို့ ဆရာတော်များအား ဆက်လက်ပင့်ဖိတ်၍ ပို့ဆောင်ပေးခဲ့သည်။


ယင်းနောက် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်တော်၌ နေ့လယ် ၁၂ နာရီတွင် ဘုံကထိန်သင်္ကန်းကပ်လှူပွဲအား မြိုနယ်သာသနာ့ဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားအား န‌မောတဿ(၃)ကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး ကံကြီးဝိုင်ကျောင်းတိုက် ဆရာတော်ဥူးသုဇာတထံမှ (၅)ပါးသီလခံယူ၍ မြို့နယ်မဟာဘုံကထိန်ကျင်းပရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ/ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဥက္ကဋ္ဌဦးမြင့်လွင်မှ မြို့နယ်လုံးကျွတ်မဟာဘုံကထိန်ကျင်းပရခြင်းနှင့်ပတ်သက်၍ ဆရာတော်သံဃာတော်များနှင့် အလှူရှင်များအား လျှောက်ထားတင်ပြခဲ့သည်။


ထို့နောက် ကထိန်သင်္ကန်းအား ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်ထွန်း၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းစိုးနှင့် အလှူရှင်များကဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပြီး  လှူဒါန်းမှုအစုစုတို့အတွက် ကံကြီးဝိုင်ကျောင်းတိုက်ဆရာတော် ဥူးသုဇာတမှရေစက်သွန်ချ အနုမောဒနာတရားချီးမြှင့်ပြီး ဗုဒ္ဓသာသနံစီရံတိဌတု (၃)ကြိမ်ရွက်ဆိုပူ‌ဇော်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။       ယခုနှစ်ကျင်းပသည့်(၇၃)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတွင်ကျောင်းတိုက်ပေါင်း(၅၅)ကျောင်းမှ ရဟန်း(၅၂၆)ပါး၊ သာမဏေ(၂၇၄)ပါး စုစုပေါင်းရဟန်းသာမဏေ(၈၀၀)ပါးတို့အား ကထိန်သင်္ကန်းများဆက်ကပ်ပြီး သီလရှင်အပါး(၃၀၀)အတွက် သီလရှင်ဝတ်စုံများဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါလှူဒါန်းမှုမှာ ကထိန်သင်္ကန်း၊ ငွေပဒေသာပင်၊ ဆွမ်းဆန်စိမ်းနှင့် စားသုံးဆီ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း(၈၅၀)ခန့်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)