ရွှေစက်တော် ဘုရားပွဲရာသီအမီ သမိုင်းဝင်ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေစက်တော် ဘုရားပွဲရာသီအမီ သမိုင်းဝင်ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား

 


MNP - နိုဝင်ဘာ  ၁၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘုရားပွဲတော်ရာသီအမီ မင်းဘူး(စကု)မြို့နယ်၏ သမိုင်းဝင် အထင်ကရစေတီတော် တစ်ဆူဖြစ်သော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။


ထိုကဲ့သို့ ဘုရားကြီးအား ခရီးသွားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဘုရားဖူးလာ ခရီးသွားပြည်သူများနှင့် ဘုရားကြီးပရိဝုဏ်အတွင်း သီတင်းဆောက်တည်လျက်ရှိကြကုန်သော သာစည်၊ မဟာစည်၊ သာသနာ့ရွှေဂူကျောင်း၊ သစ္စာမေတ္တာကျောင်း၊ ရေစက်ကျောင်း၊ ကျောင်းသစ်ကျောင်းစသော ကျောင်းများမှ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ သောက်သုံးရေးနှင့်ချိုးရေများ အခက်အခဲမရှိစေရန် ဂါလံသုံးသောင်းခွဲဆံ့ (RC) အုတ်ရေကန်ကြီးတစ်လုံး၊ ၄၂၀ ပေအနက်ရှိ အဝီစိတွင်းတစ်တွင်း တူးပေးထားသည့်အပြင် မီးအခက်အခဲမရှိစေရန် ၂၄ နာရီ လျှပ်စစ်မီးသွယ်တန်း ထားရှိခြင်းတို့ဖြစ်သည်။


ဘုရားဖူးလာ ဧည့်သည်တော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူး၊ ကုသိုလ်ယူအမျှဝေနိုင်ရန်အတွက် စည်တော်ကြီးနှင့် မောင်းကြီးအား ဆောက်လုပ်ထားရှိကာ မြတ်စွာဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်များအား ရည်မှန်း၍ ဖူးမြော်နိုင်ရန် ဒေသစာရီမြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၆ ပါး ရုပ်ထုတော်များလည်း မြောက်ဘက်ကုန်းတော်ပေါ်တွင် ထုလုပ်ပေးထားပြီး ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ အဆင်ပြေပြေ ဖူးမြော်နိုင်ရန် ၁၇၄၂ သိန်းကျော် အကုန်ကျခံတည်ဆောက်ထားကြောင်း သိရသည်။


ထို့အပြင် ဘုရားပေါ်သို့အတက်၊ အဆင်းလမ်းနှစ်လမ်းအား မကွေးတိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)