MNP - နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အကြိမ် (၅၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ အလှူရှင်မိသားစုများက သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များနာယူကြပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ အကြိမ်(၅၀)မြောက် စုပေါင်းမဟာဘုံကထိန်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသည့် ပဒေသာပင် ၁၁၇ ခု စုစုပေါင်းတန်ဖိုးငွေကျပ် ၅၅၁၃၁၅၀၀ ကို မြို့အတစ်ပတ်စီတန်းလှည့်လည်ပြီး ကျိုင်းတုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဇင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment