MNP ၊ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါထာကျေးရွာအုပ်၊ ဆည်ကြီးကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့နိုင်ရေး ဆရာတော်ဦးဝါသဝ ဦးဆောင်သော အဖွဲ့များက ရွာသူ/ရွာသားများနှင့် သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွာသားများအား တွေ့ဆုံရှင်းလင်းပြောကြားရာတွင် ဆရာတော်က "KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သော သံဃာတော်များ၊ ရွာသားများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေခြင်း၊ တည်ငြိမ်အေးချမ်းစွာဖြင့် ဥပဒေဘောင်အတွင်း နေထိုင်ကြသည့် ပြည်သူများကို ရန်ပြုစော်ကားမှုများ ပြုလုပ်နေခြင်းကြောင့် မိမိရပ်ရွာကို မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကာကွယ်ရမည့် အချိန်ဖြစ်ကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများတွင် အကြမ်းဖက်အဖွဲ့များ ဝင်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊ ဆည်ကြီးကျေးရွာတွင်လည်း ပြည်သူ့စစ်ဖွဲ့စည်း၍ ကာကွယ်ဆောင်ရွက်သင့်ကြောင်း၊ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်မဟုတ်ကြောင်း၊ မိမိတို့ ရပ်ရွာ၊ မိမိတို့ရဲ့ အမျိုး ဘာသာ သာသနာကို ဖျက်ဆီးစော်ကားနေသော အကြမ်းဖက်အန္တရာယ်ကို ပူးပေါင်းကာကွယ် ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ဆရာတော်ဦးဝါသဝ က ဦးဆောင်၍ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယရေး ရပ်ရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ရရှိစေရန်လည်း တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment