အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

 



MNP - နိုဝင်ဘာ   ၄


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။


 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီး ကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အခြေခံလူဦးရေစာရင်းအား မြေပြင်၌မှန်ကန်စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက်တစ်အိမ်ဆင်းကွင်ဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)