MNP - နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်ရင်ပြင်တွင် (၆၀)နှစ်မြောက် တန်ဆောင်တိုင်ဆွမ်းတော်ကြီးလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ယနေ့နံနက် ၈ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့သည်။
ရွှေကျင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း(၂၃၃)ကျောင်းအား ကျောင်းအလိုက် ဘုရားကြီးဂေါပကအဖွဲ့မှ ဦးဆောင်ပြီး တစ်ကျောင်းလျှင် ငွေပဒေသာပင်တစ်ပင်စီလှူဒါန်းပေးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၂၁၀)ကျောင်းမှ သံဃာတော်(၁၄၆၂)ပါး၊ သီလရှင်ကျောင်း(၂၃)ကျောင်း မှ သီလရှင်(၉၁)ပါး စုစုပေါင်း (၁၅၅၃)ပါးတို့အား ဒေသခံအလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက ဘုရားကြီးရင်ပြင်တော်နှင့် စင်္ကြန်လမ်းတလျှောက်တွင် လှူဖွယ်ပစ္စည်းများအား စည်ကားသိုက်မြိုက်စွာလောင်းလှူခဲ့ကြသည်။
သတင်း - ထွန်းထွန်းဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment